၂၅ ဇန်နဝါရီ ၂၀၂၆
စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်မပြုတာကို နားမလည်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မဲရုံတွေကို ဒီနေ့ မနက်ပိုင်းမှာ လိုက်လံကြည့်ရှုပြီးနောက် စစ်တပ်က ခွင့်ပြုထားတဲ့ မီဒီယာတချို့ရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။
“မဲမလာပေးတာမှာ အကြောင်းအရင်း နှစ်မျိုးရှိတယ်။ တမျိုးက ထောက်ခံသူမရှိလို့ မလာပေးတာ၊ နောက်တမျိုးက လုံခြုံရေးအခြေအနေကြောင့် မလာနိုင်တာပါ။ မဲပေးတဲ့သူတွေကတော့ ကိုယ်ထောက်ခံတဲ့သူရှိလို့ လွတ်လွတ်လပ်လပ် မဲပေးတာပဲ။ အဲ့ဒီလို ပြည်သူတွေ မဲပေးထားတာကို နိုင်ငံခြားက အသိအမှတ်မပြုတာကို ကျနော်တို့ နားမလည်ဘူး” လို့ စစ်ကော်မရှင်ခေါင်းဆောင်က ဆိုပါတယ်။
စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ တတိယအဆင့်ကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းကစပြီး မြန်မာနိုင်ငံအတွင်း မြို့နယ် ၆၁ ခုမှာ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – လူမှုကွန်ရက်


