Homeပြည်တွင်းသတင်းရန်ကုန်မှာ ပရဟိတအသင်း ဥက္ကဋ္ဌ က အသက်မပြည့်သေးတဲ့ အသင်းသူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်

ရန်ကုန်မှာ ပရဟိတအသင်း ဥက္ကဋ္ဌ က အသက်မပြည့်သေးတဲ့ အသင်းသူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်

၂၁ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်မှာ အခြေစိုက်တဲ့ ဇမ္ဗူအေးဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်းဥက္ကဋ္ဌ ဖြစ်သူဟာ သူ့ရဲ့အသင်းက အ သက်မပြည့်သေးတဲ့ အသင်းသူ မိန်းက လေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက‌နေ သိရပါတယ်။

အဓမ္မပြုကျင့်တဲ့ အသင်းဥက္ကဋ္ဌ အသက် ၄၅ နှစ်အရွယ် မြတ်စံ(ခ) စိုင်းမြအောင်ဆိုသူဖြစ်ပြီး၊ ပြုကျင့်ခံရတဲ့ အ သင်းသူ မိန်းကလေးဟာ အသက် ၁၇ နှစ်အရွယ်ရှိသူဖြစ်တယ်လို့သိရပါတယ်။

“မြတ်စံကိုတော့ဖမ်းထားတယ်၊ ဒီကောင်က ဘိုးတော်ယောင်ယောင်၊ ဘာယောင်ယောင်ကောင်ပါ။ ပရဟိတလည်းလုပ်တယ်။ လုပ်တဲ့အလုပ်နဲ့ အကျင့်နဲ့က တခြားစီ၊ အခုဒီကောင်ကို ဆိပ်ကမ်းရဲက ဖမ်းထားတယ်။ တရားစွဲဖို့ လုပ်နေတယ်” လို့ ဒေသခံရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။

အဲဒီ မြတ်စံ(ခ)) စိုင်းမြအောင်ဆိုသူဟာ မန္တလေးငလျင်ဖြစ်စဉ်မှာ ကူညီလှူဒါန်းတာတွေပြုလုပ်ခဲ့တယ်လို့ဆိုကာ စစ်ကောင်စီက အသိအမှတ်ပြုလက်မှတ်ပေးအပ်ခံထားရသူတဦးလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်အရ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးကို ဇန်နဝါရီလ ၁ ရက်မှာ မြတ်စံ(ခ)စိုင်းမြအောင်က လှိုင်သာယာကို အလုပ်ကိစ္စရှိလို့လိုက်ခဲ့ဖို့ ကားနဲ့ခေါ်သွားပြီးနောက် လမ်းခုလတ်မှာ ပေးဖို့ပစ္စည်းမေ့ကျန်တယ်ဆိုကာ ၎င်းရဲ့နေအိမ်ကို လှည့်ပြန်မောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေအိမ်အရောက်မှာ အိပ်ခန်းအတွင်းက ပစ္စည်းကိုသွားယူခိုင်းပြီး၊ နောက်ကနေလိုက်လာကာ အခန်းအတွင်းအဓမ္မပြုကျင့်ခဲ့တာလို့ ကျူးလွန်ခံရသူရဲ့ အဒေါ်နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

စံမြ(ခ)စိုင်းမြအောင်ဟာ အဓမ္မပြုကျင့်ပြီးနောက် မည်သူမှပြန်မပြောရန်နဲ့ ပြန်ပြောရင် သတ်ပစ်မည်လို့ ခြိမ်းခြောက်တာကြောင့် မိန်းကလေးငယ်ဟာ ပြန်မပြောရဲဘဲနေလာရာကနေ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဗိုက်ကြောတွေတင်းပြီးအောင့်လာရာက အဒေါ်ဖြစ်သူက မေးမြန်းကနေ ဖြစ်စဉ်ကိုသိရှိခဲ့ရတဲ့အတွက် ဇန်နဝါ ရီ ၁၇ ရက်မှာ နယ်မြေခံ လူမှုကူညီရေးအသင်းတွေနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး