Homeပြည်တွင်းသတင်းတီမောသမ္မတ နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ တွေ့ဆုံမှု မြန်မာစစ်တပ် ပြင်းပြင်းထန်ထန်ကန့်ကွက်

တီမောသမ္မတ နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ တွေ့ဆုံမှု မြန်မာစစ်တပ် ပြင်းပြင်းထန်ထန်ကန့်ကွက်

၁၇ ဇန်နဝါရီ ၂၀၂၆

မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရှေ့တီမောနိုင်ငံမှာ တရားစွဲဆိုထားပြီး အရှေ့တီမော သမ္မတ ရာမို့စ်ဟောတာနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ဇန်နဝါရီလ ၁၂ ရက်မှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် အရှေ့တီမောနိုင်ငံ ပြည်သူ့ရှေ့နေရုံးသို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ် နဲ့ အဖွဲ့က တီမောသမ္မတ ရာမို့စ်ဟောတာကို သမ္မတနန်းတော်မှာတွေ့ဆုံပြီး မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်းဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဟောက်ခန့်ဆုမ်းက ရန်ကုန်မြို့တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ ကို ဇန်နဝါရီ ၁၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ရဲ့ အမြဲတမ်းအတွင်းဝန်က တီမောလက်စ်တေအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး သတိထောက်လွှာ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး