Homeပြည်တွင်းသတင်းမွန်ပြည်နယ် ရွေးကောက်ပွဲအပိုင်း၂ အတွင်း မွန်ပါတီ မဲအပြတ်အသတ်နဲ့အနိုင်ရ

မွန်ပြည်နယ် ရွေးကောက်ပွဲအပိုင်း၂ အတွင်း မွန်ပါတီ မဲအပြတ်အသတ်နဲ့အနိုင်ရ

၁၂ ဇန်နဝါရီ ၂၀၂၆

မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲအပိုင်း၂ အတွင်း တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

စစ်အုပ်စုရဲ့ USDP ပါတီကို မဲအပြတ် အသတ်နဲ့ နိုင်ရုံမကဘဲ အခြားပြိုင်ဘက် ဖြစ်တဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့‌ရှေ့ဆောင်ပါတီ ၊ တစညပါတီတို့ကိုပါ မဲသောင်းချီအကွာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲအပိုင်း၂ အတွင်း မွန်ညီ ညွတ်ရေးပါတီဟာ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဘီးလင်းမဲဆန္ဒနယ်မှလွဲ၍ ကျန်မဲဆန္ဒနယ် ၄ နေရာမှ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မဲအနိုင်ရတဲ့နေရာမှာ နိုင်ငံတော်အကြံပေးကောင်စီဝင်ဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ တို့က အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့မှာ ထပ်ပြီး အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီဟာ လွှတ် တော်သုံးရပ်ကို ဝင်ရောက်ရှိမယ့် ကိုယ်စားလှယ် ၁၇ ဦးအထိ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ-MUP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး