Homeပြည်တွင်းသတင်းကြိုတင်မဲတွေ၊ မဲစာရင်းတွေ၊ မဲစာရင်းကပ်တဲ့နေရာတွေမှာ ပြသနာတွေရှိပြီးမေးခွန်းထုတ်စရာ​ဖြစ်နေတယ်လို့ ဦးကိုကိုကြီးပြော

ကြိုတင်မဲတွေ၊ မဲစာရင်းတွေ၊ မဲစာရင်းကပ်တဲ့နေရာတွေမှာ ပြသနာတွေရှိပြီးမေးခွန်းထုတ်စရာ​ဖြစ်နေတယ်လို့ ဦးကိုကိုကြီးပြော

၃၁ ဒီဇင်ဘာ ၂၀၂၅

စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဲမှာ ကြိုတင်မဲတွေ၊ မဲစာရင်းတွေ၊ မဲစာရင်းကပ်တဲ့နေရာတွေမှာ ပြသနာတွေရှိပြီးမေးခွန်းထုတ်စရာ​ဖြစ်နေတယ်ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက လူမှုကွန်ရက်ကနေ တဆင့်ပြောလိုက်ပါတယ်။

ပြည်သူ့ပါတီ (PP) အနေနဲ့ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနင်္သာရီတိုင်း မြိတ်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် တနေရာသာ အနိုင်ရခဲ့ပြီး အခုလိုပြောလာတာဖြစ်ပါတယ်။

“မေးခွန်းထုတ်စရာဖြစ်တဲ့ ကြိုတင်မဲတွေရဲ့ ပြဿနာ၊ မဲစာရင်းပြဿနာ၊ မဲပေးတဲ့ အခါမှာ မဲစာရင်းကပ်တဲ့ အစရှိသဖြင့် တချိို့လိုအပ်ချက်တွေ၊ ရှိနေပေမယ့်လို့ မဲဆန္ဒရှင်တွေဟာ တက်တက်ကြွကြွနဲ့ ကျွန်တော်တို့ကို မဲပေးခဲ့ကြတာရှိပါတယ်။”လို့ ဦးကိုကိုကြီးက ပြောခဲ့ပါတယ်။

စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာတော့ စစ်တပ်ကြောထောက်နောက်ခံရှိတဲ့ ကြံ့ဖွံ့ (USDP) ပါတီက နေရာအများစုမှာ အနိုင်ရခဲ့တယ်လို့ မြေပြင်သတင်းတွေ အရသိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး