စစ်သုံ့ပန်းအဖြစ် ဖမ်းထားတဲ့ ကမ္ဘောဒီး ယား စစ်သား ၁၈ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၃၁ရက်နေ့မှာ ထိုင်းကပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ Khmer Times သတင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒီစစ်သုံ့ပန်းတွေကို ထိုင်းနဲ့ ကမ္ဘောဒီး ယားနှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုကနေ လွှဲပေးလိုက်တာဖြစ်ပြီး အဲဒီဂိတ်ဟာ စစ်ရေးပဋိပက္ခ စတင်ခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံကြားမှာ လက်ရှိအချိန်ထိ ဖွင့်ထားဆဲ တစ်ခုတည်းသော နယ်စပ်ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်သုံ့ပန်းတွေဟာ ထိုင်းနဲ့ ကမ္ဘောဒီး ယားတို့ရဲ့ ပထမဆုံးနယ်စပ် စစ်ရေးပဋိ ပက္ခဖြစ်တဲ့ ဇူလိုင်လနောက်ဆုံးအပတ်က ငါးရက်ကြာတိုက်ပွဲအတွင်း ထိုင်းဘက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုကို ၇၂ နာရီ အကြာမှာ ထိုင်းလက်ထဲက ကမ္ဘောဒီး ယား စစ်သုံ့ပန်း ၁၈ ဦးကို လွှတ်ပေးဖို့ နှစ်ဖက်သဘောတူ ကတိပြုထားပေမယ့် ထိုင်းဘက်က ၇၂ နာရီ ပြည့်ပြည်ချင်းမှာ ပြန်မလွှတ်ပေးခဲ့ဘဲ ဒီဇင်ဘာ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းမှသာ ပြန်လွတ်ပေးခဲ့တာလို့ ကမ္ဘောဒီးယား မီဒီယာတွေက ဖော်ပြထားကြပါတယ်။
ကိုးကား: Khmer Times
ဓာတ်ပုံ – Khmer Times


