စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ကြံ့ဖွံ့ပါတီက နေရာအများစုနီးပါးမှာ အနိုင်ရနေတယ်လို့ ကြံ့ဖွံ့ပါတီနဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်ကို မြို့နယ် ၁၀၂ မြို့နယ်မှာပြုလုပ်ခဲ့ပြီး မဲတွေကို ဒီဇင်ဘာ ၂၉ ရက်အထိ ရေတွက်နေပေမယ့် ကြံ့ဖွံ့ပါတီက ပဲ အများဆုံးနိုင်နေတာဖြစ်ပါတယ်။
“ရန်ကုန်မှာတော့ အားလုံးနိုင်တယ်၊ တနိုင်ငံလုံးမှာ မြို့နယ် ၁၀၂ မြို့နယ်မှာ ၂ မြို့နယ်ပဲ ရှုံးမယ်လို့ သိရပါတယ်။ အသေးစိတ်ကတော့ ရွေးကော်က ကြေညာတဲ့အခါသိပါမယ်။”လို့ ကြံ့ဖွံ့ပါတီနဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိ New Day Myanmar က ရရှိထားတဲ့ စာရင်းတွေ အရတော့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ၂ ယောက်အနိုင်ရရှိပြီး ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာတော့ ရခိုင့်ဦးဆောင် ပါတီ က လည်း ၂ နေရာ အနိုင်ရထားပါတယ်။ လင်းခေးမြို့နယ်မှာတော့ SNLD ပါတီက ၁ နေရာရထားပါတယ်။
ကြံ့ဖွံ့ပါတီနဲ့နီးစပ်သူပြောတာကတော့ ကြံ့ဖွံ့ပါတီအနေနဲ့ တောင်တွင်းကြီးမြို့နယ်နဲ့ ကြံ့ခင်မြို့နယ်တို့မှာ အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။


