Homeပြည်တွင်းသတင်းသပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်တာကြောင့် စစ်ရှောင် ပြည်သူ ၂ ဦး အသက်ဆုံးရှုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်တာကြောင့် စစ်ရှောင် ပြည်သူ ၂ ဦး အသက်ဆုံးရှုံး

၂၅ ဒီဇင်ဘာ ၂၀၂၅

မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းထပ်မံတိုက် ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ မနေ့က ဒီဇင်ဘာ ၂၄ ရက် ည ၇နာရီ ၁၅မိနစ်အချိန်မှာ တိုက် ခိုက်ခံရတာဖြစ်ပြီး၊ သီးကုန်းရွာနဲ့ ပေါက်တပင်ရွာကြားကို လေကြောင်းကနေ ဗုံးြကဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး သေ ဆုံးခဲ့ရကာ နောက်ထပ်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ကျေးရွာဟာစစ်ကောင်စီလက်အောက်ခံတပ်တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကြာညှပ်ရွာကြားမှာရှိတာလို့ သိရပါတယ်

ဒီကျေးရွာဟာ ဧရာဝတီမြစ်ကမ်းအနီးက ကျေးရွာတွေဖြစ်ပြီး စစ်တပ်က ဒီရက်ပိုင်းအတွင်းမှာ မြစ်ကမ်းဘေးကျေးရွာတွေကို ပစ်မှတ်ထားဗုံးကြဲနေတာပါ။

ဒါ့အပြင် စစ်ကောင်စီက သပိတ်ကျင်းမြို့နယ်က ရွှေတွင်းတွေရှိတဲ့ ကျေးရွာတွေကိုလည်း တရစပ်ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး