Homeပြည်တွင်းသတင်းစစ်အာဏာသိမ်း ရက်ပေါင်း ၂၀၀၀ ပြည့်ခါနီးအချိန်အထိ သတ်ဖြတ်ခံရသူ ၇၅၀၀ ဦးအထိ ရှိလာ

စစ်အာဏာသိမ်း ရက်ပေါင်း ၂၀၀၀ ပြည့်ခါနီးအချိန်အထိ သတ်ဖြတ်ခံရသူ ၇၅၀၀ ဦးအထိ ရှိလာ

၂၉ နိုဝင်ဘာ ၂၀၂၅

စစ်အာဏာသိမ်း ရက်ပေါင်း ၂၀၀၀ ပြည့်ခါနီးအချိန်အထိ သတ်ဖြတ်ခံရသူ ၇ဝဝဝ

ကျော်အထိ ရှိလာပြီဖြစ်တယ်လို့နိုဝင်ဘာ ၂၈ရက်နေ့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ရဲ့ထုတ်ပြန်ဖော်ပြချက်အရ သိရပါတယ်။

AAPP ရဲ့စာရင်းအရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလရက်ပေါင်း ၁၇၆၂ အတွင်း ပြည်သူ ၇၅၀၀ ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရတာဘဲဖြစ်ပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၃၀၀၄၅ ဦးရှိလာခဲ့ပြီးဖြစ်ပြီး၊အဲ့ဒီထဲက ပြန်လည်လွတ်မြောက်လာသူကတော့ ၇၃၄၁ ဦး ရှိပြီလို့ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှာကျဆုံးသူအများဆုံး ရှိခဲ့တာဖြစ်ပြီး၊ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၇၂ ဦးအထိရှိကာ ဖမ်းဆီးခံရသူ ၈၀၀ ကျော်အနက် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ၂၀၀ကျော်ပြန်လည်လွတ် မြောက်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-AAPP

Related News

Most Read