ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့တင်စားပြောထားကြတဲ့ ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko က စစ်ခေါင်းဆောင်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။
နောက်လာမယ့် တစ်လအတွင်းမှာ မြန်မာ နိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ သိရှိရပါပြီး ဒီရွေးကောက် ပွဲကတော့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အထူးသဖြင့် ပါလီမန်တည်ထောင်ဖို့အတွက် ဒီရွေး၁ကောက်ပွဲကို လုပ်ဆောင်တယ်လို့ သိရှိရကြောင်း ဘယ်လာရုစ်သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ အဆွေတော်သမ္မတကြီးကို မိတ်ဆွေရင်းအနေနဲ့ ထပ်ပြီးတော့ ပြောလိုတာကတော့ အဆွေတော်သမ္မတကြီး ဦးဆောင်ပြီးတော့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေအားလုံးအတွက် ရွေးကောက်ပွဲကို ကျင်းပတာဖြစ်လို့လည်း ကျွန်တော်ထောက်ခံပါတယ်။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံရဲ့ ပြည်သူပြည်သားတွေအားလုံးအနေနဲ့လည်း အစိုးရကပြည်သူပြည်သားတွေအားလုံးအတွက် လုပ်ဆောင်ပေးတယ်ဆိုတာကိုလည်း နားလည်ရမှာ ဖြစ်ပါတယ်” ဆိုပြီး ဥရောပရဲ့ နောက်ဆုံးအာဏာရှင်လို့ တင်စားခံရတဲ့ ဘယ်လာရုစ်သမ္မတ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအနေနဲ့ အနာဂတ်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက်တည်ငြိမ်အေးချမ်းရေးကိုအကောင်အ ထည်ဖော်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည် တွင်း တည်ငြိမိအေးချမ်းရေးအတွက် ဘယ်လာရုစ်နိုင်ငံအနေနဲ့ တက်နိုင်သ လောက်အကူအညီ ပေးသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။
စစ်အုပ်စုအနေနဲ့ သူတို့ လုပ်မယ့် ရွေး ကောက်ပွဲကို နိုင်ငံတကာကို လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပေမယ့် အာဆီယံအပါဝင် ကမ္ဘာ့နိုင်ငံတော်တော်များများက လာရောက်ဖို့ ငြင်းဆန်ခဲ့ကြသလို အယုံအကြည်မရှိဘူးလို့လည်း ဝေဖန်ပြောဆိုထားကြပါတယ်။
ဓာတ်ပုံ- MOI


