Homeပြည်တွင်းသတင်းရွေးကောက်ပွဲမဲဆွယ်ပွဲရာမှာ ကတိကဝတ်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ရင် လက်သီးနဲ့ဆွဲထိုးလို့ရတယ်လို့ ဦးခင်ရီပြော

ရွေးကောက်ပွဲမဲဆွယ်ပွဲရာမှာ ကတိကဝတ်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ရင် လက်သီးနဲ့ဆွဲထိုးလို့ရတယ်လို့ ဦးခင်ရီပြော

၂၀ နိုဝင်ဘာ ၂၀၂၅

ရွေးကောက်ပွဲမဲဆွယ်ပွဲရာမှာ ကတိ ကဝတ်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ရင် လက်သီးနဲ့ဆွဲထိုးလို့ရတယ်လို့ ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီက ပြောကြားထားပါတယ်။

“ကျွန်တော်ဖွင့်ပြောမယ်၊ ကျွန်တော့်မျက်နှာကြီးပြပြီး ဖွင့်ပြောတာ။ မဟုတ်ရင် မင်းသားကြီး(နေအောင်)ပြောသလို ဆွဲသာထိုးလိုက်တော့” လို့ ဦးခင်ရီက ဆိုပါတယ်။

အဲ့ဒီစကားဟာ မနေ့က နိုဝင်ဘာ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းပွဲနဲ့ မဲဆွယ်စည်းရုံးရေးပွဲမှာ ဦးခင်ရီက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးရေးပွဲမှာ ဦးခင်ရီက ပါတီမူဝါဒတွေထဲ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်မယ်ဆိုတာနဲ့ သွင်းကုန်၊ ပို့ကုန်စည်းကြပ်ဖို့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းစတဲ့အချ က်တွေကိုလည်း ဦးခင်ရီက ‌ရွေးကောက် ပွဲကြေညာစာတမ်းပွဲမှာ ပြောခဲ့တာ‌တွေ့ရပါတယ်။

အလားတူ အစိုးရသက်တမ်းတစ်ခုတစ်ခုအတွင်း ရဲတက္ကသိုလ်တစ်ခုဖွင့်ဖို့ကိုလည်း ကျိမ်းသေစီမံသွားမယ်လို့ ဦးခင်ရီက ပြောခဲ့ပါတယ်။

ဓာတ်ပုံ- USDP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး