ဘယ်လာရုစ်နိုင်ငံသူ အဆိုတော် ဗီရာဆိုတဲ့ အမျိုးသမီးတဦးကို ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံကို လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့် လုပ်ကိုင်စေရာမှာ အဆိုပါအမျိုးသမီး သတ်ဖြတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
သူမကို သတ်ဖြတ်ပြီးနောက် သူမရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းချလိုက်ပြီဖြစ်ကာ မီးသဂြိုလ်လိုက်ပြီလို့ မိသားစုထံကို အမည်မသိသူတွေက ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ ဘယ်လာရုစ် The Voice သီချင်းဆို ပြိုင်ပွဲဝင်ဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံမှာ သူမရဲ့ မော်ဒယ်အလုပ်ကို အောင်မြင်အောင်လုပ်ဆောင်ဖို့ ဆိုပြီး ဘန်ကောက်မှာ အင်တာဗျူးဖြေဆိုပြီးနောက် မြန်မာနိုင်ငံကို လိမ်လည်ခေါ်ဆောင်ခံရတာဖြစ်ပါတယ်။
အဲ့ဒီနောက် သူမဟာ ချမ်းသာတဲ့ သူတွေကို ပစ်မှတ်ထားပြီး လိမ်လည်တာတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံထဲကို စက်တင်ဘာ ၁၂ ရက်လောက်က ဖြတ်သန်းသွားတယ်လို့ ယူဆရပြီး အောက်တိုဘာ အစောပိုင်းမှာပဲ သူမသေဆုံးတယ်ဆိုပြီးသတင်းစကားရရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ တရုတ်တွေဦးစီးတဲ့ ကျားဖြန့် စင်တာတွေဟာ လက်နက်ကိုင်တွေ က ကာကွယ်ပေးထားပြီး လူထောင်ပေါင်းများစွာ ကျွန်ပြုခံနေရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။


