Homeပြည်တွင်းသတင်းNCA သက်တမ်း ၁၀ နှစ်အတွင်း ပြဋ္ဌာန်းထားသလောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ စောမူတူးစေးဖိုး ဝန်ခံ

NCA သက်တမ်း ၁၀ နှစ်အတွင်း ပြဋ္ဌာန်းထားသလောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ စောမူတူးစေးဖိုး ဝန်ခံ

၁၆ အောက်တိုဘာ ၂၀၂၅

NCA သက်တမ်း ၁၀ နှစ်အတွင်းမှာ ပြ ဋ္ဌာန်းထားသလောက် အကောင်အထည် မဖော်နိုင်ခဲ့တာကို ဝန်ခံရမှာဖြစ်တယ်လို့ ပကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်း တဦးဖြစ်တဲ့ စောမူတူးစေဖိုးက ပြောပါတယ်။

‌စစ်ကော်မရှင်ပြုလုပ်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အခုလိုဘဲ ပြောကြားခဲ့တာပါ။

အခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးအ လှည့်အပြောင်းဖြစ်လာပေမယ့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ကျင်းပမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စေ၊ အလွန်ကာလမှာဖြစ်စေ NCA အခြေခံအပေါ်ကနေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ နိုင်ငံ ရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ ဖြစ်ပေါ်လာလိမ့်မှာကို ယုံ ကြည်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ NCA အပေါ် သစ္စာရှိရှိနဲ့ ရပ်တည်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကလည်း ပြင်ဆင်မှုကောင်းကောင်းနဲ့ ပါဝင်ကြရမှာ ဖြစ်ပါတယ်”လို ဆိုပါတယ်။

ဒါအပြင် အခုငြိမ်းချမ်းရေးပွဲမှာစကား ပြောကြားခွင့်ရခြင်းဟာ ငြိမ်းချမ်းရေးကို စစ်မှန်စွာ လိုလားတဲ့ စစ်သားအိုကြီး တစ်ဦးအတွက် ကြီးမားတဲ့ဂုဏ်သိက္ခာ တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အဆုံးမသတ် သေးဘဲ အပြန်အလှန်လေးစားမှုနဲ့ ယုံ ကြည်မှု တည်ဆောက်နိုင်သေးသလားဆိုတာဟာ သက်ဆိုင်သူအားလုံးရဲ့ လက်ထဲမှာ ရှိနေပြီး ၎င်းအနေနဲ့ တိုက်တွန်းလိုတာက အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်တွေကို အမြန်ဆုံး လက်တွေ့ ဖော်ဆောင်ကြရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေးဆိုတာ စာချုပ်ပေါ်မှာ လက်မှတ်ထိုးရုံသက်သက်နဲ့ ဖြစ်ပေါ် လာနိုင်တဲ့အရာမဟုတ်ဘဲ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ ဆန္ဒတူညီမှသာ ပေါ်ပေါက် လာနိုင်တာဖြစ်ကြောင်း ၊အနာဂတ်အ တွက် NCA ကိုအခြေခံတဲ့ ညှိနှိုင်း ဆွေး နွေးမှုတွေ ပြန်လည်စတင်ဖို့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့၊ ပြည်သူအ တွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ မြင်ရအောင် အားထုတ်ဖို့ လိုတယ်လို့လည်း ဆိုထားပါ။

ဓာတ်ပုံ- MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး