စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကြိုဆိုတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အောက်တိုဘာ ၁၀ရက်မှာ
တုန့်ပြန်စာ ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန်ရဲ့ နေပြည်တော် နေ့ချင်း ပြန်ခရီးစဉ်အတွင်း စစ်ခေါင်းနဲ့တွေ့ဆုံပြီးနောက်မှာ ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့
ပြောဆိုခဲ့တယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်က ဝါဒဖြန့်ပြောကြားရာမှာမြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင် ဆင်နေတာကို တွေ့ရတဲ့အတွက် ဝမ်း မြောက်ဝမ်းသာဖြစ်ကြောင်း၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း စေလွှတ်ပေးသွားမှာလို့ပြောဆိုခဲ့ပါတယ်။
တကယ်တမ်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ် ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ် မျှတ ပွင့်လင်းမြင်သာ ယုံကြည်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်မှုနဲ့သာ ကျင်း ပသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေစေလွှတ်ဖို့ စစ်တပ်က အာဆီယံနိုင်ငံတွေကို ဖိတ်ကြားတာနဲ့ပတ်သက်လို့ မှတ်သားထားပြီး အဲဒီအရေးကို လာမယ့် ၄၇ ကြိမ်မြောက် အာဆီယံ အစည်းအ ဝေးမှာ ဆွေးနွေးဆုံးဖြတ်မှာဖြစ်ကြောင်း၊ မလေးရှားနိုင်ငံအတွက်မူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ဖိတ်ကြားမှုကို မလေးရှားရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာအာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ဖို့၊ အကြမ်းဖက်မှုတွေရပ် တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ခွင့်ပြုပေးဖို့ ၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အလေးပေးပြောဆိုခဲတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်
ဒါအပြင် အရပ်သားတွေနဲ့အရပ်ဘက်အဆောက်အအုံတွေအပေါ် အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


