ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်းမှာ ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရေကြောင်းရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူး ပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်က ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီမှာ သမ္ဗန်စက်လှေဖြင့် သယ် ဆောင်လာတဲ့ အမျိုးသားနှစ်ဦးကို ဖမ်ဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့သူခင်မောင်လင်းနဲ့ သက်ပိုင်ထူး(ခ) သက်ပိုင်တို့ကို ဖမ်းမိခဲ့ပြီး ကွင်းဆက်အရ စက်တင် ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တင် ဆောင်ပေးသူ ကျော်စိုးမင်းကို ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် အဲ့ဒီနေ့မွန်းလွဲ ၁ နာရီအချိန်မှာ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီး အား ပုဇွန်တောင်မြို့နယ်နဲ့ ၊ ဇော်မင်းနိုင်(ခ)ဇော်မင်းလတ်တို့ကို ရန်ကင်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် အိုက်စ်(မက်သ်အဖက်တမင်း)များကို ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေနဲ့ ပို့ဆောင်ပေးခဲ့သူ မျိုးနိုင်(ခ)အကြီးကောင် အား ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စက်လှေ ၁ စီးနှင့်ဖမ်းဆီးရမိခဲ့တာကြောင့် ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)များအား သယ်ဆောင်ခိုင်းသူမှာ ကိုထွန်း(ခ)အောင်ကျော်စွာမြင့်(ဖမ်းဆီးရန်ကျန်)နေသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝကို စက်လှေနဲ့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရတာကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်ဖော်ထုတ်နေတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


