Homeပြည်တွင်းသတင်းအလုပ်သမားအရေး လှုပ်ရှားသူ ‌ဒေါ်မျိုးမျိုးအေးအပါ အဖွဲ့ဝင် ၁၀ ဦး တရားလိုပြ သက်သေတွေကို စတင်စစ်ဆေး

အလုပ်သမားအရေး လှုပ်ရှားသူ ‌ဒေါ်မျိုးမျိုးအေးအပါ အဖွဲ့ဝင် ၁၀ ဦး တရားလိုပြ သက်သေတွေကို စတင်စစ်ဆေး

၂၃ စက်တင်ဘာ ၂၀၂၅

ပုဒ်မ ၂ခုနဲ့ သီးခြားစီ အမှုဖွင့်အရေးယူခံထားရတဲ့အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၁၀ ဦးကို မနေ့ စက်တင်ဘာ ၂၂ ရက်က ရွှေ

ပြည်သာမြို့နယ်တရားရုံးမှာ တရားလိုပြ သက်သေတွေကို စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တရားလိုပြသက်သေစစ်ဆေးတဲ့အမှုဟာကနဦး စွပ်စွဲထားတဲ့ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ကို စစ် ဆေးခဲ့တာဖြစ်ပြီး၊ ဝမ်ရှင့်သာ ခရီးသွားလာရေးပစ္စည်းကုမ္ပဏီလီမိတက် (WANXINDA TRAVEL GOODS Co.Ltd) ကမန်နေဂျာဦးသီဟနိုင်တရားလိုပြုလုပ်စွဲဆိုခဲ့တဲ့ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ -၄၀၊၄၁ နဲ့စွဲဆိုထားတဲ့အမှုကိုတော့ မှုခင်းစီမံခန့်ခွဲမှု (CMP)ပြုလုပ်ပြီး နောက်ရုံးချိန်းမှာ တ ရားလိုကို စတင်စစ်ဆေးဖို့ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

စွပ်စွဲခံထားရတဲ့ အမှု ၂ ခုလုံးအတွက် လာမယ့်ရုံးချိန်းကို စက်တင်ဘာ၂၉ ကိုပြန်လည် ချိန်းဆိုထားပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန် လည်လွှတ်ပေးဖို့ ပြည်တွင်းကအလုပ် သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာ အ လုပ်သမားအဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ ဒေါ်မျိုးမျိုးအေးအပါ ၁၀ ဦးအနက် ၈ဉီးကိုရွှေပြည်နယ်မြို့နယ်တရားရူံမှာ ရုံးထုတ်စစ် ဆေးနေသလို ကျန် ၂ဦးကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးနဲ့ အင်းစိန်မြို့ နယ်တရားရုံးတွေမှာ အသီးသီး ရုံးထုတ်စစ် ဆေးနေတာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး