စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေး ကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး မိမိတို့ထိန်း ချုပ်ဒေသနဲ့ လှုပ်ရှားဒေသတွေမှာ ရွေး ကောက်ပွဲပြုလုပ်တာကို လုံးဝလက်မခံဘူးလို့ ရာမညမွန်တပ်တော် သတိပေးလိုက်ပါတယ်။
ဒါအပြင် မွန်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လည်း စစ်ကျွန်သက်ဆိုးရှည်မဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေး ကောက်ပွဲမှာ မပါဝင်ဘဲ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ မွန်နိုင်ငံရေးပါတီတွေအနေနဲ့လည်း အတုအယောၚ်ရွေးကောက်ပွဲအပေါ် မျှော်လၚ့်မနေဘဲ၊ မွန်ပြည်သူတစ်ရပ်လုံးနဲ့အတူဝိုင်းဝန်းဆန်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ဒိကနေ့ စက်တင်ဘာ ၅ရက်မှာ အခုလို သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၎င်းတို့ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော် လွှားသွားနိုင်ဖို့နဲ့နိုင်ငံတကာ အသိအမှတ် ပြုရေး ရရှိဖို့ လုပ်ဆောင်တဲ့ အတုအယောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိုင်တဲ့ နိုင်ငံ ရေးပါတီတွေနဲ့လူပုဂ္ဂိုလ်တွေဟာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အ သက်သွင်းပြီး စစ်အာဏာရှင်ကိုသက်ဆိုး ရှည်ဖို့ပြုလုပ်တဲ့အဖွဲ့ အစည်း/ပုဂ္ဂိုလ်အဖြစ် သတ် မှတ်သွားမယ်လို့လည်း အသိပေးထားပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာပါပြုလုပ်ဖို့ ကြေညာထားပေမဲ့ တကယ်တမ်းမှာ UWSA အပါ ကျန်တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေက မဲဆွယ်စည်းရုံတာ မဲပုံးလာထောင်တာတွေကိုလုံးဝ လက်မခံဘူးလို့ အသိပေးထားပြီးဖြစ်ပါတယ်။


