Homeပြည်တွင်းသတင်းKNU က စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာချက်ထုတ်ပြီးနောက် မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံရ

KNU က စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာချက်ထုတ်ပြီးနောက် မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံရ

၂၉ ဩဂုတ် ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU)ကစစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာချက်ထုတ်ပြီးနောက် မတရားအသင်းနဲ့အကြမ်းဖက် အုပ်စုအဖြစ် စစ်ကော်မရှင်က ကြေညာလိုက်ပါတယ်။

စစ်ကော်မရှင်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ကြေညာချက် အမှတ် ၁/၂၀၂၅နဲ့ အကြမ်းဖက်အုပ်စုအ ဖြစ်ကြေညာခဲ့သလို ပြည်ထဲရေးဝန်ကြီး ဌာနက ‌အမိန့်ကြေညာချက်အမှတ် ၉၉၂ /၂၀၂၅ နဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကြေညာချက်မှာKNU နဲ့အဖွဲ့ဝင်တွေ၊ KBUအဖွဲ့က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်နဲ့ အများပြည်သူတို့ရဲ့အေးချမ်းသာယာရေးတို့ကို အနှောင့် အယှက်အန္တရာယ်ဖြစ်စေတယ်လို့ယုံ ကြည်ယူဆတယ်ဆို‌ကာ မတရားအသင်းအဖြစ်ကြေညာလိုက်တာဖြစ်ပါတယ်။

KNUအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်တဲ့ အများပြည်သူရဲ့လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် ၊ စက်ပစ္စည်း ကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေဖို့ ပြုလုပ်မှုတွေဖြစ်တဲ့ အများပြည်သူအသုံးပြုလျက်ရှိတဲ့ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွကို အဝေးမှနေပြီး လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း ၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစတဲ့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့တာကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

လတ်တလောအဆခြအနေအရ စစ်ကော်မရှင် လေတပ်ဟာ ကရင်အမျိုး သားအစည်းအရုံး(KNU)ထိန်းချုပ်ထားတဲ့ဒေသတွေကို နေ့စဉ်ရက်ဆက်ဗုံးကျဲတိုက်ခိုက်နေသလိုအခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘဲ လေကြောင်း တိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး