Homeပြည်တွင်းသတင်းဟိုပန်ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သေးသူအပါ အမျိုးသမီးငယ် ၄ ဦး ကို မုဒိန်းမှုကျူးလွန်မှုနဲ့ ထောင် ၁၀ နှစ်ချ

ဟိုပန်ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သေးသူအပါ အမျိုးသမီးငယ် ၄ ဦး ကို မုဒိန်းမှုကျူးလွန်မှုနဲ့ ထောင် ၁၀ နှစ်ချ

၁၇ ဩဂုတ်၂၀၂၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော်(UWSA)ရဲ့ဟိုပန်ခရိုင်မှူး တာ့ညီလင်းဟာ အသက်မပြည့်သေးသူအပါအမျိုးသမီးငယ် ၄ ဦး ကို မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာကြောင့် ငွေဒဏ် ၃သိန်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ဒဏ်နှစ်ရပ်လုံး ချမှတ်လိုက်တယ်လို့ ‘ဝ’လူငယ့်အသံကဖော်ပြထားပါတယ်။

တာ့ညီလင်းကို စစ်ဆေးရာမှာအမျိုးသမီးငယ်၂ဦးကို မုဒိမ်းမှုမြောက်ခဲ့တယ်လိုသိရပြီး ၊ ကျန် ၂ဦးကတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုတာ ပေါ်ပေါက်ခဲ့တာကြောင့် “ဝ”ပြည်တရားစီရင်ရေးဌာနက ဩဂုတ် ၁၆ ရက်မှာ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လိုသိရပါတယ်။

တရားစီရင်မှုကို လူအများရှေ့မှောက်တွင် စီရင်ခဲ့တာဖြစ်ပြီး ‘ဝ’ဗဟို နိုင်ငံရေး ကော်မတီအဖွဲ့ဝင်တွေ၊ တပ်ပိုင်းဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ ဒေသစီမံခန့်ခွဲရေးစတဲ့ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ။

ဓာတ်ပုံ-UWSA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး