Homeပြည်တွင်းသတင်းပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်သတ်ခံရမှု NUG ရှုတ်ချ

ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်သတ်ခံရမှု NUG ရှုတ်ချ

၂၁ ဇွန်၊၂၀၂၁

နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်သတ်ခံရမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

ဆရာတော်စီးနင်း လိုက်ပါလာတဲ့ကားကို ငါန်းဇွန် – မြို့သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ဇွန်လ (၁၉) ရက်၊ ၂၀၂၄ ခုနှစ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ရတဲ့ဖြစ်စဉ်ကို ဆရာ တော်နဲ့ ကားတစ်စီးတည်းအတူလိုက်ပါခဲ့သူ ကန်သုံးဆင့် ဆရာတော်ရဲ့ မိန့်ကြားချက် အရသိရတယ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လွန်စွာ ဝမ်းနည်းကြေကွဲ ရတယ်လို့ဆိုထား ပါတယ်။

စစ်ကောင်စီဟာ အကြမ်းဖက် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မခံခြင်း၊ နိုင်ငံနဲ့ ပြည်သူကို လိမ်ညာလှည့်ဖျားပြီး သတင်းထုတ်ပြန်တာ မသက်ဆိုင်သူကို အပြစ်လွှဲချတာတွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဟိရိသြတ္တပ္ပတရား ကင်းမဲ့တဲ့ အပြုအမူတွေ ဖြစ်တဲ့အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read