ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် စစ်တပ်ကငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တဆင့် ကမ်းလှမ်းခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ထုတ်ဖော်လိုက်ပါတယ်။
ဘီဘီစီကနေ မေးတာတဲ့ အချက်တွေကို ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဘယ်လို ပြန်လည်ဖြေကြားခဲ့တယ်ဆိုတာကို ဖေ့ဘွတ်လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့လက ကေအိုင်အေက စစ်တပ်ကို ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ စကား စတင် ကမ်း လှမ်းတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်လိုအခြေ အနေရှိပါသလဲ။ ဘာကြောင့် ကေအို င်အေကနေ အခုလို စတင်ကမ်းလှမ်းခဲ့တာပါလဲ။ ဒီလိုကမ်းလှမ်းမှုကို စစ်တပ်ဘက်က ဗန်းမော်တိုက်ပွဲ အကြောင်းပြ ပြီး ပယ်ချခဲ့တယ်လို့ကြားသိရပါတ ယ်။ ဟုတ်ပါသလား။ ဘယ်လို အခြေအနေ ရှိပါသလဲ။”ဆိုတဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က”“KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို အမှာစကား ပါးပါတယ်။ KIO နဲ့ online ဆွေးနွေးဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။ KIO ရဲ့ သဘောထားကတော့ online ဆွေးနွေးမှု မဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုက်ပါမယ်လို့ အကြောင်းပြန် ကြားခဲ့ပါတယ်။ KIO ကို ပြန်ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းက တခါထပ်ပြီး PCG ကတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ကြားထားပါတယ်။ KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့ပေမယ့် တရုပ်နိုင်ငံအထူးကိုယ်စားလှယ် ၊ နိုင်ငံတကာသံတမန်များနှင့် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်များကို အသိပေးထားပြီး ဖြစ်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့တာကို Facebook မှာ အသိပေးဖော်ပြထားတာဖြစ်ပါတယ်။


