Homeပြည်တွင်းသတင်းမော်လမြိုင်က သံလွင်မြစ်ကမ်းဘေးမှာ ကွန်ကရစ်တိုင်နဲ့ပတ်ချည်ခံထားရတဲ့ အမျိုးသားရုပ်အလောင်းတွေ့ရှိ

မော်လမြိုင်က သံလွင်မြစ်ကမ်းဘေးမှာ ကွန်ကရစ်တိုင်နဲ့ပတ်ချည်ခံထားရတဲ့ အမျိုးသားရုပ်အလောင်းတွေ့ရှိ

ဩဂုတ် ၂၀၂၅

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ကမ်းနားလမ်းက သံလွင်မြစ်ကမ်းလေးမှာ သြဂုတ်လ ၈ ရက်ညနေပိုင်းက ကွန်ကရစ်တိုင်မှာ လက်ပြန်ကြိုးချည်ခံထားရတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“လူခန္တာကိုယ်ကို ကွန်ကရစ်တိုင်နဲ့ ပတ်ပြီးချည်ထားတာ။ အသတ်ခံရတာပေါ့။ သေဆုံးသူက အသက် ၃၀ လောက်တော့ရှိပြီ။”လို့ ကူညီဆောင်ရွက်ပေးခဲ့သူ တဦးက ပြောပါတယ်။

သေဆုံးနေသူရုပ်အလောင်းကို ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဥ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး