Homeပြည်တွင်းသတင်းအစိုးရထိန်းချုပ်မှု နည်းပါးတဲ့ ဆိုမာလီယာနဲ့မြန်မာ တို့ သံတမာန်အဆက်အသွယ်ထူထောင်

အစိုးရထိန်းချုပ်မှု နည်းပါးတဲ့ ဆိုမာလီယာနဲ့မြန်မာ တို့ သံတမာန်အဆက်အသွယ်ထူထောင်

ဇန်နဝါရီ ၂၀၂၅

မြန်မာနိုင်ငံနဲ့ ဆိုမာလီယာတို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကစတင်ပြီး သံအမတ်ကြီးအဆင့် သံတမာန်အဆက်အသွယ်ထူထောင်လိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာကက ဒီနေ့ ဇန်နဝါရီ ၉ ရက်မှာပဲကြေညာပါတယ်။

သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ စစ်ကော်မရှင်လက်အောက်ခံ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုး နဲ့ မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး Mr. Ali Mohamed Abukar တို့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် တွင် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဆိုမာလီယာဟာ မြန်မာနိုင်ငံရဲ့ ၁၂၇ နိုင်ငံမြောက် သံတမန် အဆက်အသွယ် ထူထောင်တဲ့ နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။

ဆိုမာလီယာနိုင်ငံကို တရားဝင်အခေါ်အားဖြင့် ဆိုမာလီယာသမ္မတနိုင်ငံလို့ခေါ်ဆိုပြီး အာဖရိကဦးချိုတွင် တည်ရှိသော နိုင်ငံပါတယ်။

၁၉၉၁ ခုနှစ် ပြည်တွင်းစစ် စတင် ဖြစ်ပွားကတည်းက နိုင်ငံရဲ့ နေရာ အတော်များများမှာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု မရှိပါဘူး။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ကြားဖြတ် ဖက်ဒရယ်အစိုးရဟာ နိုင်ငံရဲ့ အစိတ်အပိုင်း သေးသေးကလေးကိုသာ အုပ်ချုပ်နိုင်ပြီး ဆိုမာလီယာနိုင်ငံကို မဖြစ်မြောက်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ကြပြီး ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနဲ့ အကြမ်းတမ်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။

Related News

Most Read