Homeပြည်တွင်းသတင်းအင်းယားကန်ဘောင်က လူငယ်တွေကို စစ်ကောင်စီရဲတွေက အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး ခေါ်ဆောင်သွား

အင်းယားကန်ဘောင်က လူငယ်တွေကို စစ်ကောင်စီရဲတွေက အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး ခေါ်ဆောင်သွား

၁၇ မတ်၊ ၂၀၂၅

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေး အင်းယားကန်ဘောင် မြန်မာပလာဇာရှေ့အနီးမှာ လူငယ် ၂၀ လောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အကြောင်းမဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ Rangoon Scout Network က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၆ ရက် ညနေ ၅ နာရီကျော်လောက်မှာ လူငယ် အယောက် ၂၀ ခန့်ကို တန်းစီထိုင်ခိုင်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် လူငယ် ၆ ယောက်ကို ဖမ်းဆီးထားလိုက်ပြီး ကျန်လူငယ်တွေကို ပြန်လွှတ်ပေးလိုက်ကာ ဖမ်းဆီးထားတဲ့ လူငယ် ၆ ယောက်ကို အိမ်စီးကား ၃ စီး (Toyota Blitz, Honda fit, Honda partner) ပေါ် လူခွဲတင်ပြီး တခြားနေရာကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပေဒေကို အသက်သွင်းပြီးချိန်က စလို့ ရန်ကုန်မြို့မှာ လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်ပြီး စစ်မှုထမ်းဖို့ သင်တန်းဆီပို့တာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ်အတွင််းရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်

ဓါတ်ပုံ – AFP

Related News

Most Read