Homeပြည်တွင်းသတင်းပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်တွေမှာ စီးနင်းမယ့် Class အလိုက် ခရီးဆောင်အိတ်အလေးချိန် လျော့ချ သတ်မှတ်

ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်တွေမှာ စီးနင်းမယ့် Class အလိုက် ခရီးဆောင်အိတ်အလေးချိန် လျော့ချ သတ်မှတ်

၂၄ မတ် ၂၀၂၆ ၊ New Day Myanmar

ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်တွေမှာ စီးနင်းမယ့် Class အလိုက် ခရီးဆောင်အိတ်အလေးချိန်ကို ဧပြီလ ၁ ရက်ကနေ စတင်ပြီး အရင်သတ်မှတ်ကီလိုထက် လျော့ချသတ်မှတ်သွားမယ်လို့ မနေ့က မတ်လ ၂၃ ရက်နေ့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က အသိပေးထုတ်ပြန်လာပါတယ်။

ဒါ့ကြောင့် Checked Baggage အလေးချိန်အတွက် ပြည်ပခရီးစဉ် (International Flights) တွေမှာ Business Class အတွက် 40 Kg (2 Pieces)၊ Economy Class အတွက် 30 Kg (2 Pieces)၊ Economy Class (Saver & Promo) အတွက် 20 Kg (2 Pieces) အဖြစ် လျှော့ချသတ်မှတ်ထားပါတယ်။

အလားတူပဲ ပြည်တွင်းခရီးစဉ် (Domestic Flights) မှာ Business Class အတွက် 30 Kg (2 Pieces)၊ Economy Class အတွက် 20 Kg (2 Pieces) ဆိုပြီး သတ်မှတ်ထားပါတယ်။

Hand Carry အလေးချိန်မှာလည်း ပြည်တွင်း/ပြည်ပ ခရီးစဉ်အားလုံးအနေနဲ့ Business Class အတွက် Total 14 Kg (2 Pieces) နှင့် Economy Class အတွက် Total 7 Kg (1 Piece) အဖြစ် ပြောင်းလဲသတ်မှတ်ထားပြီး Hand Carry Baggage အတွင်းမှာ Duty Free ဝယ်ယူထားတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်ပါဝင်တယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ ကီလိုထက် ကျော်လွန်လာတဲ့ ကီလိုတွေကို Extra Fee အနေနဲ့ ထပ်ဆောင်းကောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။

MNA အနေနဲ့ အခုလို သတ်မှတ်တာဟာ လတ်တလော ကြုံတွေ့နေရတဲ့ လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်တဲ့ အခက်အခဲတွေကြောင့် ဖြစ်သလို ပြည်တွင်း/ပြည်ပ ခရီးစဉ်တွေ အချိန်မှန် ပျံသန်းပြေးဆွဲနိုင်ရေးနဲ့ ခရီးစဉ်ဖျက်သိမ်းတာမျိုး မဖြစ်ပေါ်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

#လေကြောင်းခရီးစဉ်

#Class

#ခရီးဆောင်အိတ်

#အလေးချိန်

#သတ်မှတ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး