Homeပြည်တွင်းသတင်းတောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

၂ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၃ ဦးတို့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားပြီလို့ သိရပါတယ်။

ပျက်ကျတဲ့ ရဟတ်ယာဉ်မှာ Eurocopter 365 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှာ ဗိုလ်ချုပ်စိုးတင်လတ်အပါအဝင် လူလေးဦးပါဝင်ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး၊ အမျိုးသမီးလေယာဥ်မှူး တို့ သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာရရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်က ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့ကလည်း မှော်ဘီမြို့မှာ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦး သေဆုံးတယ်လို့ ရေးသား ဖော်ပြပါတယ်။ ပျက်ကျတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ တောင်ပိုင်းတိုင်းရှေ့တန်းစစ်မြေပြင်မှာ လူသွားသယ်ဖို့ သွားရောက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်စိုးတင်လတ်ဟာ မကွေး လေတပ်စခန်းဌာနချုပ်မှူးက တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးမီက ရာထူးတိုးထားသူဖြစ်ပါတယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ် Eurocopter 365 အမျိုးအစားဟာ တစ်စီးကို အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိတဲ့ ဘက်စုံသုံးရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ပုံ – eurocopter 365ကို သရုပ်ပြမောင်းနှင်ပုံ

Related News

Most Read