Homeပြည်တွင်းသတင်းညီနောင်မဟာမိတ် ၃ ဖွဲ့ တဖက်သတ်အပစ်ရပ်ကာလ တလထပ်တိုး

ညီနောင်မဟာမိတ် ၃ ဖွဲ့ တဖက်သတ်အပစ်ရပ်ကာလ တလထပ်တိုး

ဇွန် ၊ ၂၀၂၅

စစ်ကိုင်းငလျင်ကြီး ဖြစ်ပွားပြီးနောက် ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် MNDAA, TNLA နဲ့ AA ညီနောင်မဟာမိတ် သုံးဖွဲ့က တဖက်သတ်အပစ်ရပ်ကာလကို ၁ လထပ်မံတိုးမြှင့်ကြောင်း ဇွန် ၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ငလျင်အပြီး လူနေအိမ်၊ ဘာသာရေးနဲ့ သမိုင်းဝင်အဆောက်အဦးတွေ ပျက်စီးမှုတွေ ကိုရှင်းလင်းဖို့နဲ့ အသက်ရှင်ကျန်ရစ်တွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်ဖို့အတွက် အခုလို တဖက်သတ်အပစ်ရပ်တာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

MNDAA၊ TNLA နဲ့ AA တို့ဟာ စစ်ကိုင်းငလျင်ကြီးဖြစ်ပြီးနောက် ဧပြီ၊ မေလအတွင်း တဖက်သတ်အပစ်ရပ်ကာလ ဆောင်ရွက်ခဲ့ကြပြီး ယခု ဇွန်လမှာလည်း ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

တလတာအပစ်ရပ်ကာလအတွင်း မိမိကိုယ်ကိုကာကွယ်ဖို့ တုံ့ပြန်မှုအပြင် တခြားထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကို ပြုလုပ်မှာ မဟုတ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထပ်မံအသိပေးထားပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် စစ်တပ်က မတ် ၂၈ က မေ ၃၀ အထိ လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၄၆၂ ဦး သေဆုံး၊ ၈၈၄ ဦး ဒဏ်ရာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

Related News

Most Read