Homeပြည်တွင်းသတင်းစာရင်းသွင်းပြီး တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်မဖြေဆိုသူ ၁၂၀၀၀ နီးပါးရှိ

စာရင်းသွင်းပြီး တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်မဖြေဆိုသူ ၁၂၀၀၀ နီးပါးရှိ

၁၈ မတ်၊ ၂၀၂၅

တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုခဲ့တဲ့ မြန်မာစာနေ့မှာ တနိုင်ငံလုံးအတိုင်းအတာ စာမေးပွဲဖြေဆိုဖို့စာရင်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေထဲက လာရောက်မဖြေဆိုသူ ၁၁၉၅၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနာက သိရပါတယ်။

ဖြေဆိုဖို့စာရင်းသွင်းထားသူ ၂၂၀၈၄၃ ဦးရှိတဲ့ထဲက ၂၀၈၈၈၉ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက် ကွက်သူ ၁၁၉၅၄ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့မှာ ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ စာစစ်ဌာနပေါင်း ၈၁၇ ဌာနမှာ‌ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ကျောင်း သား ကျောင်းသူတွေဟာ မတ်လ၁၇ရက်နေ့ကနေ မတ်လ၂၂ ရက်နေ့ထိ ဖြေဆိုကြရမှာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ပညာသင်နှစ် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲထက် ဖြေဆိုသူဦးရေ ပိုမိုများပြား လာခဲ့ပြီး ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိခဲ့တာဖြစ်ပါတယ်။

ပုံစာ – မတ်လ ၁၇ ရက်က တက္ကသိုလ်ဝင်တန်း မြန်မာစာဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ်

ဓါတ်ပုံ – Su (NDM)

Related News

Most Read