Homeပြည်တွင်းသတင်းစစ်အုပ်စုက တစ်နှစ်နီးပါးကြာ တစ်ဖက်သတ်ပိတ်ဆို့ထားတဲ့ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်

စစ်အုပ်စုက တစ်နှစ်နီးပါးကြာ တစ်ဖက်သတ်ပိတ်ဆို့ထားတဲ့ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်

၂၈ မေ ၂၀၂၆ | New Day Myanmar

စစ်အုပ်စုက တစ်နှစ်နီးပါးကြာ တစ်ဖက်သတ် ကုန်စည်ဖြတ်သန်းခွင့်ပိတ်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့ရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီကနေ့ မေ ၂၈ ရက်နေ့မှာ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အဆိုပါတံတားကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း စစ်အုပ်စုဘက်က တစ်ဖက်သတ် ပိတ်ထားခဲ့တာဖြစ်ပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းက စတင်ဖွင့်လှစ်ပေးခဲ့ကာ ထိုင်းကုန်တင်ကားအချို့ မြန်မာနိုင်ငံဘက်ကို စတင်ဖြတ်သန်းဝင်ရောက်နေပြီဖြစ်တယ်လို့ မြဝတီဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ပြန်ဖွင့်ပေးတော့လည်း ကောင်းတာပေါ့ဗျာ။ ထိုင်းကုန်ပစ္စည်းတွေကို ပြည်တွင်းဈေးကွက်မှာ ပေါပေါလောလော ပြန်သုံးခွင့်ရတာပေါ့။ နယ်စပ်ကုန်သွယ်ရေးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုရင်တော့ ပိုကောင်းတာပေါ့” လို့ မြဝတီမြို့က နယ်ခံကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာတော့ ထိုင်းဘက်က ဝင်လာတဲ့ ကုန်ကားတွေကို တံတားထိပ်ဂိတ်မှာ ယာဉ်နဲ့ ယာဉ်မောင်းတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်တာတွေ၊ ယာဉ်ပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေကို မြန်မာဘက်ခြမ်းမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အကြိမ်ကြိမ် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နှစ်လခန့်အကြာမှာ အခုလို နယ်စပ်ကုန်သွယ်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးလာတာဖြစ်ပါတယ်။

ဓာတ်ပုံ – กิตติศักดิ์ บุญจันทร์/FB

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး