Homeပြည်တွင်းသတင်းစစ်ကောင်စီ ရဲ့ ကနဲလေးစစ်စခန်းကို KNLA ပူးပေါင်းတပ်တွေ ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ ရဲ့ ကနဲလေးစစ်စခန်းကို KNLA ပူးပေါင်းတပ်တွေ ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်

၂၉ မေ ၊၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို KNAL ပူးပေါင်းတပ် ဖွဲ့တွေက မေ၂၈ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်သိမ်း ပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကနဲလေးစစ်စခန်းကို တော်လှန်ရေးတပ်တွေက မေ ၂၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ မေ ၂၈ မနက်ပိုင်းမှာ DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၇၂ ဦးပါ စစ်ကောင်စီရဲ့ စစ်ကူ စစ်ကြောင်းတခုလုံးကို အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းမှာ ကနဲလေး စခန်းကို KNLA ပူးပေါင်း တပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မတ်၊ဧပြီ၊မေ သုံးလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနဲ့ ဘလက်ဒို စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ကနဲလေးစခန်းကိုပါ ထက်မံသိမ်း ပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊

ဓာတ်ပုံ- KNU

Related News

Most Read