Homeပြည်တွင်းသတင်းCDF ထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံး

CDF ထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံး

၁၃ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာ ၁၂ ရက် ထန်တလန် မြို့ပေါ်တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ထန်တလန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံး အဆောက်အအုံနဲ့ ရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ လနဲ့ချီ ကြာနေပြီဖြစ်ပါတယ်။

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ NLD ရုံးမှာ အင်အား ၃၀ ကျော်၊ ရဲစခန်းမှာ အင်အား ၇၀ ကျော်သာ ကျန်တော့ပြီး CDF ဦးစီးချုပ်က NLD ရုံးကို တိုက်ဖို့ လက်နက် ပြင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဝေးက ပစ်လိုက်တဲ့လက်နက်ကျည် ထိပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ်ဟာ ကျဆုံးချိန်မှာ အသက် ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ Ram Zel ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင်ကာလထဲက အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ပါတယ်။

Photo -Khai Sa

Related News

Most Read