Homeပြည်တွင်းသတင်းရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေယာယီ ပိတ်ထားရ

ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေယာယီ ပိတ်ထားရ

ဩဂုတ် ၊ ၂၀၂၅

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံးပျက်စီးခဲ့တယ်လို့ ကရင်အမျိုး သားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၄)ရက်နေ့မှ စပြီး ရေကြီးရေလျှံမှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်း နဲ့ အရှေ့ ဘက်ကမ်း KNU အမှတ် (၁) ဒေသနဲ့ အမှတ် (၃) ဒေသတွေအတွင်းရှိ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် (၃) နယ်မြေအတွင်း အိမ်ခြေ (၅၀၀) ဝန်းကျင်ရှိ ကျေးရွာ ၄ ရွာ ၊ လယ်ဧကစုစုပေါင်း (၁,၆၉၅.၃၉) ဧက ရေနစ်မြုပ်ခဲ့ပြီး အမှတF(၁) နယ်မြေအတွင်းက ကျေးရွာ (၄၃) ရွာနဲ့ စာသင်ကျောင်းတွေ ယာယီပိတ်ထားရ တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၂၆)ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရွှေကျင်မြို့နယ်၊ အမှတ်(၁)ဒေသ၊ ဝိုင်ပျဉ်ရေဒိုင်နယ်၊ ဆယ့်ရှစ်လံကျေးရွာရှိ နေအိမ် (၆)လုံးနဲ့ အမှတ်(၃)ဒေသ၊ ကျွန်းချောင်းကျေးရွာရှိ နေအိမ် (၄) လုံး ပျက်စီးခဲ့ တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး