မြန်မာလူငယ်စုံတွဲ သုံးတွဲကို ညစ်ညမ်းရုပ်သံ ရိုက်ကူးခိုင်းပြီး Live လွှင့်တင်ခဲ့တဲ့ တ ရုတ်နိုင်ငံ နှစ်ဦးနဲ့ မြန်မာနိုင်ငံသားသုံးဦးကို လူကုန်ကူးမှုအမှုဖွင့်ပြီး စစ်ခုံရုံးကထောင်ဒဏ်တစ်သက်စီချမှတ်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ဝါဒဖြန့်သတင်းစာမှာ မနေ့ ဩဂုတ် ၁ ရက်က ဖော်ပြထားပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူ ငါးဦးကို စစ်ခုံရုံးအဖွဲ့ (၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌက ဇူလိုင် ၂၉ ရက်မှာ ထောင်ဒဏ်တစ်သက်စီအမိန့်ချတာ ဖြစ်ပါတယ်။ ကျူးလွန်သူ ၆ဦးရှိရာမှာ ၅ဦးသာဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျုးလွန်ရာမှာပါဝင်တဲ့ တရုတ်ဒါရိုက်တာ အားဂျင်းဆိုသူ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်က လူငယ်စုံတွဲ တစ်တွဲဟာ ရွှေပြည်သာမြို့နယ်က သူတို့နဲ့ဘခင်မင်တဲ့အမျိုး သမီးဆီကို အလုပ်လုပ်ဖို့ တောင်းဆိုရာမှာ လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာကို ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအိမ်ရာဝင်းထဲက နေအိမ်မှာ အသိအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ၊ တရုတ်ဘာသာပြန်သူ ၊ တရုတ်နိုင်ငံသား ဒါရိုက်တာ၊ တရုတ်နိုင်ငံသားကြီးကြပ်သူနဲ့ ရိုက် ကူးသူဆိုသူနဲ့ တွေ့ဆုံခဲ့ပြီး ညစ်ညမ်းရုပ်သံ ရိုက်ကူးခဲ့ကြတာလို့ သိရပါတယ်။
အဲဒီ လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာသူတို့စုံတွဲနဲ့အတူ နောက်ထပ်စုံတွဲနှစ်တွဲလည်း ရှိနေကြပြီး၊ စုံတွဲတွေ ညစ်ညမ်းရုပ်သံရိုက်ကူးမယ်ဆိုရင် လုပ်အားခ တစ်လကို ငွေကျပ် ၁၁ သိန်းကနေ ၁၆ သိန်း ရရှိမယ်ဆိုတာကြောင့် သုံးကြိမ်စီ ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း ချီထိုက် Application ကနေ Live လွှင့်ခဲ့တာကြောင့် အမျိုးသမီးလင်မယား၊ တရုတ်ဘာသာပြန်နဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၈ (က) (ခ) တို့အရ ထောင်ဒဏ်တစ်သက် ချမှတ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
ထို့နည်းတူ အဲဒီ နဝဒေးအိမ်ရာမှာပဲ ငွေကြေးရယူပြီး အသက် ၁၇ နှစ်နဲ့ ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး နှစ်ဦးကို တရုတ်မယားအဖြစ်တရုတ်နိုင်ငံသား နှစ်ယောက်ဆီ ရောင်းချခဲ့တဲ့အမှုဖြစ်စဉ်ကိုလည်း ဖော်ပြထားပြီး၊ အဲ့ဒီဖြစ်စဉ်မှာလည်း ရောင်းချသူဝယ်ယူသူ တရုတ်နိုင်ငံသား ၃ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


