Homeပြည်တွင်းသတင်းအကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဝန်ထမ်း (၁၃၃) ဦးကို ဖမ်းဆီးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တောင်းဆို

အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဝန်ထမ်း (၁၃၃) ဦးကို ဖမ်းဆီးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တောင်းဆို

၂၆ ဇူလိုင် ၂၀၂၅

အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့အပြင် ဥပဒေမဲ့ သတ် ဖြတ်တာ ညှဉ်းပန်းနှိပ်စက်တာ ထောင်ပြောင်းရွှေ့တာတွေကို ပြုလုပ်နေတဲ့ ဝန် ထမ်း (၁၃၃) ဦးကို သက်ဆိုင်ရာတော်လှန် ရေးအဖွဲ့အစည်းတွေကဖမ်းဆီးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများကွန် ရက်က တောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုချက်ကို မနေ့က ဇူလိုင် (၂၅)ရက်နေ့က အမည်၊ ရာထူး၊ မှတ်ပုံ တင်အမှတ်တွေနဲ့ အသိပေးတောင်းဆိုထားတာဖြစ်ပြီး၊ စာရင်းထဲမှာ အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်အဆင့်ကနေလက်ထောက်ညွှန်ကြားရေးမှူးအဆင့်များပါဝင်နေတာတွေရပါတယ်။

သူတို့တွေကို တော်လှန်ရေးအင်အားစုတွေ လုံခြုံရေးတာဝန်ယူထားတဲ့လမ်းပိုင်းတွေမှာ စစ်ဆေးဖမ်းဆီးအပြစ်‌ပေးနိုင်ရန် အသိပေးထုတ်ပြန်တာဖြစ်တယါလို့ဆိုပါတယ်။

ဒါ့အပြင် ၎င်းတို့အနေနဲ့ ပြည့်သူ့ဘက်ကိုအမြန်ဆုံးကူးပြောင်းပြီး တရားမျှတမှုအ တွက် ရင်ဆိုင်ရန်နဲ့ ထောင်တံခါးတွေကို မိမိတို့နဲ့အတူ ချိုးဖြတ်ကြဖို့ PPNM အဖွဲ့သတိပေးထားပါတယ်။

PPNM အနေနဲ့ အကျဉ်းဦးစီးဌာနလက် အောက်ဝန်ထမ်းများရဲ့ကိုယ်ရေးအချက် အလက် အသေးစိတ်တွေကို အတည်ပြုရရှိစီစစ်ထားပြီးဖြစ်ကာ အကျဉ်းထောင်အတွင်းအမိန့်ပေးစေခိုင်းသူတွေ၊ ကျူး လွန်သူတွေ၊ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ထိရောက်တဲ့တရားမျှတမှု ပြန် လည်ရယူသွားမယ်လို့ ဆိုထားပါတယ်။

လတ်တလော အကျဉ်းဦးစီးဝန်ထမ်း (၁၃၃)ဦးဟာ ပထမဦးစားပေးအနေနဲ့ ထုတ်ပြန်တာဖြစ်ပြီး၊ အခြားအဆင့်ဝန်ထမ်းတွေရဲ့အချက်အလက်တွေကို လျှို့ဝှက်ပြီးသက်ဆိုင်ရာ အဖွဲ့အ စည်းတွေကိုလည်း ဖြန့်ဝေသွားမယ်လို့ဆိုပါတယ်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး