Homeပြည်တွင်းသတင်းရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ရဲကင်းကို ခရီးသည်တင်ယာဉ်တစ်စီး ဝင်တိုက်၊ စစ်ကောင်စီလက်အောက်ခံရဲတပ်သားတစ်ဦး သေဆုံး

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ရဲကင်းကို ခရီးသည်တင်ယာဉ်တစ်စီး ဝင်တိုက်၊ စစ်ကောင်စီလက်အောက်ခံရဲတပ်သားတစ်ဦး သေဆုံး

၂၂ ဇူလိုင်၂၀၂၅

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိ သဲဖြူချောင်းတံတား လုံခြုံရေးရဲကင်းတစ်ခုကို ခရီးသည်တင်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် ရဲကင်းတာဝန်ကျ စစ်ကောင်စီလက် အောက်ခံရဲတပ်သားတစ်ဦး အဲဒီနေရာမှာဘဲ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့က ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ကျိုက်ထိုဘက်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့အာကာမင်း ခရီးသည်တင်မှန်လုံယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ သဲဖြူချောင်းတံတား ရဲကင်း ဘန်ကာကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ တိုက်ကြေကား Page ကဖော်ပြထားပါတယ်။

ဒါ့အပြင် နောက်ထပ် တာဝန်ကျရဲတစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး၊

ယာဉ်မောင်းဖြစ်သူက‌တော့ ဖြစ်စဉ်နေရာကနေထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ရဲတပ်သားနဲ့သေဆုံးသူရဲတပ်သားရဲ့ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းယာဉ်နဲ့ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Wai Yan Ag

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး