Homeပြည်တွင်းသတင်းတကသ အဖွဲ့ဝင်လူငယ် ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀ စီချမှတ်

တကသ အဖွဲ့ဝင်လူငယ် ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀ စီချမှတ်

၁၀ ဇူလိုင် ၂၀၂၅

ရန်ကုန် တကသအဖွဲ့ဝင်ဟောင်း ၂ ဦးကို စစ်တပ်က မတရားဖမ်းဆီးပြီးနောက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတယ်လို့ တကသ ကျောင်းသား ဟောင်းများအင်အားစုထံက သိရပါတယ်။

တကသ ကျောင်းသားဟောင်းများ အင်အားစု အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင်တို့ကို စစ်တပ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ ဧည့်စာရင်းအကြောင်းပြချက် နဲ့ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့တာပါ။

သူတို့ ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင် ထောင်တွင်း တရားရုံးက ၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၂ ရက်မှာ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်တစ်ထောင် ခရိုင် တရားရုံးက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်လိုက်တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး