Homeနိုင်ငံတကာသတင်းEV ကား ၃၀၀၀ သယ်ဆောင်လာတဲ့ သင်္ဘောတစင်း ပစိဖိတ်သမုဒ္ဒရာအတွင်းနစ်မြှပ်

EV ကား ၃၀၀၀ သယ်ဆောင်လာတဲ့ သင်္ဘောတစင်း ပစိဖိတ်သမုဒ္ဒရာအတွင်းနစ်မြှပ်

‎၂၇ ဇွန်၊ ၂၀၂၅

‎Chery နဲ့ Great Wall Motor က EV ကား အစီးရေ ၃၀၀၀သယ်ဆောင်လာတဲ့ သင်္ဘောတစင်းဟာ ယခု ဇွန်ပထမပတ်အတွင်းပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်နစ်မြှပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ bloomberg သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

‎အဲ့ဒီ သင်္ဘောဟာ သမုဒ္ဒရာအတွင်း ရက် သတ္တပတ် ၃ ပတ်ကျော်ကြာမီးလောင်ပြီးနောက် ဆိုးရွားတဲ့ရာသီဥတုဒဏ်ကိုပါခံခဲ့ရပြီနစ်မြှပ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

‎နစ်မြှပ်သွားတဲ့ သင်္ဘောဟာ ရေအနက် မီတာ ၅၀၀၀ ကျော်၊ ကမ်းမှ မိုင် ၃၆၀ ကျော်ပစိဖိတ်သမုဒ္ဒရာ အလယ်မှာ နစ်မြုပ် သွားတာတာလို သိရပါတယ်။

‎သင်္ဘောမှာ ပါလာတဲ့ သင်္ဘောသားတွေကိုတော့ မီးစလောင်တဲ့ နေ့ကတည်းက COSCO Hellas က ကယ်တင်ခဲ့တာကြောင့် အားလုံးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

‎အခုနှစ်မြှပ်မှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မီးလောင်ခဲ့တဲ့ကားတင်သင်္ဘော တွေထဲမှာ ဒုတိယမြောက် နစ်ခဲ့တဲ့ သင်္ဘော ဖြစ်တယ်လို့ သိရပါတယ်။

‎ဓာတ်ပုံ- bloomberg

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး