Homeအထူးသတင်းမောင်တောမြို့ ဒေသခံတွေ မြို့ကနေအမြန်ဆုံးစွန့်ခွါကြဖို့ ရက္ခိုင့်တပ်တော် AA သတိပေးထုတ်ပြန်

မောင်တောမြို့ ဒေသခံတွေ မြို့ကနေအမြန်ဆုံးစွန့်ခွါကြဖို့ ရက္ခိုင့်တပ်တော် AA သတိပေးထုတ်ပြန်

၁၇ ဇွန်၊၂၀၂၄

မောင်တောမြို့မှာ စစ်ကောင်စီနဲ့ရက္ခိုင်တပ်တော် AAတို့ကြားစစ်ရေးတင်းမာလာမှုကြောင့် မောင်တောမြို့ ဒေသခံ တွေအနေနဲ့ မြို့ကနေအမြန်မဆုံးစွန်ခွါထွက်သွားကြဖို့ ရက္ခိုင့်တပ်တော် AAက ဇွန်လ ၁၆ ရက်နေ့ ကထုတ်ပြန် သတိပေးလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့အပြိုင်တည်ရှိနေတဲ့ မောင်တောမြိုနယ်ရှိ စစ်ကောင်စီရဲ့ စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက် အပြီးသတ်သိမ်းပိုက်ထားပြီးတဲ့အချိန်မှာ မောင်တောမြိုနဲ့ မောင်တောမြိုပတ်ဝန်းကျင်က စစ်ကောင်စီရဲ့ လက်ကျန်စခန်းအားလုံးကိုလည်း AAမှ ဝိုင်းရံ ပိတ်ဆို ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မောင်တောမြိုကို ၎င်းတိုရဲ့ စစ်စခန်းတွေသဖွယ်အသုံးပြုပြီး မြိုပြစစ်ဆင်ရေးကို ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားဟာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၊အဆိုပါ လက်ကျန်စခန်းတွေ အားလုံးကို မိမိတို့ AA တပ် မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မှာ ဖြစ်တာကြောင့် မောင်တော မြို့သူ မြို့ သားတွေအနေနဲ့ စစ်ကောင်စီရဲ့ လမ်းမ၊ အိမ်တွေအတွင်းမှ ခုခံစစ်ပြင်ထားတဲ့ နေရာတွေ၊ တိုက်တာ အဆောက်အအုံတွေပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာတွေနဲ့ စစ်ကောင်စီတပ်ဖွဲဝင် တွေရှိရာ နေရာတွေမှာ အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေဖို့ သတိပေးတယ်လို့ ဆိုပါတယ်။

မောင်တောဒေသခံ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သား တွေအနေနဲ့ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြိုအတွင်းမှ အမြန်ဆုံး ချက်ချင်း ထွက်ခွာကြဖို့ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်အပ် တယ်လို့ အသိပေးထားပါတယ်။

Photo -AA Info Desk

ဆက်စပ် သတင်းများ

Most read