Homeပြည်တွင်းသတင်းထီးကပလယ် တပ်စခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

ထီးကပလယ် တပ်စခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

၂၃ ဇွန် ၊၂၀၂၅

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ်အတွင်းမှာရှိတဲ့ ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်မတော် (K.N.D.O) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ပူးပေါင်းအဖွဲ့တွေက ဇွန် (၂၂) ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းဟာ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ မာနယ်ပလော ဌာနချုပ်ကနေဆုတ်ခွာခဲ့ရပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ် မေလအတွင်း ကေအဲန်ယူ ဌာနချုပ်သစ်အနေနဲ့ ပြောင်းရွှေ့ တည်ထောင်ခဲ့တဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

ပြောင်းရွှေ့တည်ထောင်ပြီး ၂ နှစ်မပြည်မီ ၁၉၉၇ ခုနှစ်မှာ စစ်ကောင်စီက ထပ်မံကျူးကျော် တိုက် ခိုက်သိမ်းပိုက်တာကို ခံခဲ့ရပြီး (၂၈) နှစ်အကြာ မှာ အခုလို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဓါတ်ပုံ − ပြန်လည်သိမ်းပိုက်ရရှိသော ထီးကပလယ် တပ်စခန်းရှေ့တွင် တွေ့ရသော K.N.L.A၊K.N.D.O နှင့် P.D.F တပ်ဖွဲ့ဝင်များ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး