Homeပြည်တွင်းသတင်းဆီဆိုင်မြို့မှာ စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဆီဆိုင်မြို့မှာ စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

၁၇ ဇွန်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက အများပြည်သူသွားရာလမ်းမှာ စစ်ကောင်စီက မိုင်းထောင် ထားတာကြောင့် ဒေသခံပြည်သူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့ ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းကျေးရွာနေ နန်းထားရီဆိုသူဟာ ဇွန်လ ၁၃ ရက်နေ့မှာ ရွာအရှေ့ဘက်ရှိ ဖုန်းလိုင်းမိရာနေရာကို ဖုန်းသွားဆက်ရာမှ အပြန်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် နန်းထားရီမှာ ခြေထောက်တဖက်ပြတ်ကာ မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယခင်ကလည်း နောင်ရင်းကျေးရွာသားတစ်ဦး ရေသွားချိုးရာမှ ပြန်လာစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းကိုနင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှ ပြည်သူ ၁ ဦးဖြစ်တဲ့ ဒေါ်စိုးစိုးလတ်ဆိုသူမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ ရ တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo- PNLA သတင်းစဉ်

ဆက်စပ် သတင်းများ

Most read