မြန်မာအလုပ်သမား ၁၈ ဦးကို အလုပ်စေခိုင်းပြီး လုပ်အားခ (၅)လစာရှင်းမပေးလို့ နစ်နာသူအလုပ်သမားတွေက လုပ်ခလစာတွေ ရှင်းပေးဖို့ပြောဆိုရာ စက်ရုံပိုင်ရှင်က လုပ်အားခမပေးနိုင်လို့ ထိုင်းရဲတပ်ဖွဲ့ကို ဖုန်းဆက် တိုင်ကြားပြီး ဖမ်းဆီးခိုင်းခဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာ ၄ သိန်းကျော်ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးMHAC မဟာမိတ်အဖွဲ့ကို အကူအညီပေးဖို့ ဆက်သွယ်အကူတောင်းခဲ့မှုကြောင့် MHAC မှ နစ်နာသူ မြန်မာအလုပ်သမားတွေဘက်မှ ရပ်တည်ကာ လုပ်ခလစာတွေ ပြန်လည်ရရှိရေးအတွက် ထိုင်းဥပဒေနဲ့ အညီ သက်ဆိုင်ရာ ထိုင်းအစိုးရအလုပ်သမား ဖြေရှင်းရေးဌာနတွေနဲ့ ပူးပေါင်းပြီး စက်ရုံပိုင်ရှင် တရုတ်လုပ်ငန်းရှင်ကို အမှုဖွင့်တိုင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂၃ ရက်နေ့မှာတော့ မြန်မာအလုပ်သမား စုစုပေါင်း ၂၁ ယောက်ရဲ့ လုပ်ခလစာ ထိုင်းဘတ်ငွေ (၄၀၉၀၇၂) နဲ့ စာရွက်စာတန်းတွေကို မြန်မာအလုပ်သမားတွေရဲ့ လက်ဝယ် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ MHAC က ဆိုထားပါတယ်။
ဓာတ်ပုံ – MHAC


