Homeပြည်တွင်းသတင်းသပိတ်ကျင်း လိပ်ကျကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲ ပြည်သူ ၁ ဦးသေဆုံး

သပိတ်ကျင်း လိပ်ကျကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲ ပြည်သူ ၁ ဦးသေဆုံး

မေ၂၀၊၂၀၂၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်တပ်က မနေ့က လေကြာင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၇ လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်- ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုန်ပြန်မှုအရ သိရပါတယ်။

လိပ်ကျကျေးရွာကို မနေ့ကတစ်ရက်အတွင်း နှစ်ကြိမ်လေကြောင်း နဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ ကာ နေ အိမ် ၃ လုံးပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးလည်း ထိခိက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

မေလ ၁၈ ရက်နေ့ညပိုင်းကလည်း အဆိုပါကျေးရွာကို စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် မေလ ၁၅ ရက်နေ့ကလည်း အဆိုပါကျေးရွာကို စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ -ပြင်ဦးလွင်ခရိုင် -ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဆက်စပ် သတင်းများ

Most read