Homeပြည်တွင်းသတင်းအိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ပြင်းထန်စွာရှုတ်ချ

အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ပြင်းထန်စွာရှုတ်ချ

၁၃ မေ၊ ၂၀၂၅

အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက မေ ၁၂ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ တဲ့အပေါ် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က ပြင်းထန်စွာရှုတ်ချလိုက်တယ်လို့ မေလ ၁၂ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို အခုလို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ပြင်းထန်စွာရှုတ်ချတယ်လို့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေယာဥ်၊လက်နက်ကြီးတွေ နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းတားဆီးပေး ဖို့ နဲ့ ၊ ရာဇဝတ်မှုကျူးလွန်စေတဲ့ အထောက်အပံ့၊တွေ့ဆုံဆွေးနွေးမှု၊ အားပေးမှု၊ အကာအကွယ်ပေးမှုများကို မလုပ်ကြဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။

အပြစ်မဲ့စွာ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေ၊ တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ စစ်ရှောင်စခန်းတွေကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းက ပစ်ခတ်၊ဗုံးကြဲကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေ တယ် လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read