ဧပြီ ၂၂ ရက်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အတွက် ဆုတောင်းပွဲကိုရန်ကုန်မြို့မှာရှိတဲ့ Saint Mary Church မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆုတောင်းပွဲကို ကာဒီနယ်ချားလ်မောင်ဘို လည်းတက်ရောက်ခဲ့ပါတယ်။
ပုတ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်က ဗာတီကန် နန်းတော်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော်မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။