၂၂ ဧပြီ၊၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်းခမ်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က အဆိပ်ဓာတ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး (DPLF) သတင်းထုတ်ပြန်ထားပါတယ်။
DPLA နဲ့ မဟာမိတ် TNLA တပ်တွေထိန်းချုပ်ထားတဲ့ နေရာကို စစ်ကောင်စီတပ်က ဧပြီလ ၂၁ ရက်နေ့ နေ့လည် (၁)နာရီခန့်မှာ (၃)လုံး၊ (၃)နာရီ (၆)မိနစ်ခန့်မှာ (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လိုလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အဆိပ်ငွေ့ ရှူ ရှိုက်မိတဲ့ ရဲဘော်တွေမှာ မူးဝေအော့အန်ခြင်း/သွေးပေါင် ချိန်ကျခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားပေမယ့် အဆိပ်ဓာတ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခြင်းကို တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်တွေ ရှိတဲ့နေရာတွေကိုလည်း မကြာခဏ ပြုလုပ်ခြင်း၊ လေယာဥ်နဲ့ဗုံးကြဲချခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းနဲ့ အဆိပ်ဓာတ်ငွေ့ဗုံးတွေ အသုံးပြုပြီး ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် မဟာမိတ် TNLA ၊ DPLAတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ယနေ့ အချိန်ထိ တိုက်ပွဲဆက်လက်ညပင်းထန်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – DPLF/DPLA