Homeပြည်တွင်းသတင်းမကွေးအကျဉ်းထောင် ပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံး

မကွေးအကျဉ်းထောင် ပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံး

၁၈ ဧပြီ၊ ၂၀၂၅

ဧပြီလ ၁၃ ရက်က မကွေးအကျဉ်းထောင်ရှေ့မှာ Local PDF အဖွဲ့တွေနဲ့ စစ်‌ကောင်စီ လက်အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီ ညနေ ၆ နာရီ ဝန်းကျင်အချိန်မှာလည်း အကျဉ်းထောင်တွင်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြားတင်းမာမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်း အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ထောင်ဗူးဝနဲ့ကင်းမျှော်စင်က သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံမှာနေတဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ကျဉ်း ၂ ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဧပြီ ၁၈ မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ ထောင်ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read