Homeပြည်တွင်းသတင်းမေလအတွင်း ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ NUG ဆို

မေလအတွင်း ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ NUG ဆို

၁၃ ဇွန် ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ ၊ပကဖတွေ ကို ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ မေလအတွင်း တပ်သားနဲ့ ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဆိုပါအထဲမှာ အရာရှိအဆင့် ဗိုလ်မှူး (၃) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦးနဲ့ ဒုရဲအုပ် (၁) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ကို ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ (၄၅) ဦးမှာ လက်နက်နဲ့ တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူတွေလည်းရှိပြီး လက်နက်ယူဆောင် လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက် တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူတွေဆီက လက်နက်မျိုးစုံ (၂၄) လက်နဲ့ ခဲယမ်း မီးကျောက် တွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနှင့်ရဲတွေ အနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ကိုလည်း NUG တိုက်တွန်း အသိပေးထုတ်ပြန်ထားပါတယ်။

Photo – NUG (ပခုက္ကူမြို့နယ်(ပကဖ)သို့ ဆက်သွယ် ဝင်ရောက်လာသော ရဲတပ်သားကို ဆုကြေးငွေချီး မြှင့်ပုံ)

ဆက်စပ် သတင်းများ

Most read