၁၂ မတ် ၊ ၂၀၂၅
“ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စစ်ကောင်စီ အား “ILO မှ ပုဒ်မ ၃၃” နှင့် ဘာကြောင့်အရေးယူရန်လို အပ်သလဲဆိုတဲ့ အချက်များပါဝင်သည့်သတင်းစကားများအား အမျိူးသမီး လစဉ်သုံးပစ္စည်းများ တွင်ထည့်သွင်း၍ အလုပ်သမားထုထံ ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်”ခဲ့ပါတယ်။
ဤလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နှင့် မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ပါတယ်။
အာဏာသိမ်းမှုကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ အလုပ်သမားများအပေါ် အတင်း အဓမ္မလုပ် အားခိုင်းစေခြင်း၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့် စသည်တို့ကို အကာကွယ်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည်ကို ပြည်သူလူထုကို ယ်တိုင် တွေ့မြင်ရမည်ဖြစ်ပါတယ်။
ထို့ကြောင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ဖိနှိပ်မှုများ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တန်ပြန် သက်ရောက်မှုအနေဖြင့် အမြန်ဆုံးအရေးယူပေးရန်အတွက် ကျွန်တော်တို့ပြည်သူထူလူ၏ အသံ ၊ သဘောဆန္ဒ ၊ထောက်ခံမှုအား လိုအပ်ကြောင်း၊ထိုကဲ့သို့ အရေးယူ ခံရပါက စစ်ကောင်စီ၏ အဓိက ထောက်တိုင်တစ်ခုဖြစ်တဲ့ စီးပွါးရေးဟာ နိုင်ငံခြားငွေများနှင့် ၎င်းတို့အား သွယ်ဝိုက်သော နည်းဖြင့် တရားဝင်အသိအမှတ်ပြုလာရေး အခွင့်အရေးများ ဆုံရှုံးမည်ဖြစ်ပြီး စစ်ကောင်စီ၏ အဓိက ထောက်တိုင်သည်လည်း ပြိုကျသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Photo – AJAY (Yangon)