Homeပြည်တွင်းသတင်းနျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်း ဖော်ဆောင်ရန် စစ်‌ခေါင်းဆောင်နဲ့ပူတင်လက်မှတ်ရေးထိုး

နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်း ဖော်ဆောင်ရန် စစ်‌ခေါင်းဆောင်နဲ့ပူတင်လက်မှတ်ရေးထိုး

၅ မတ်၊ ၂၀၂၅

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်မယ့် နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဖော်ဆောင်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပူတင်ဟာ ကရင်မလင်နန်းတော်မှာ မတ်လ ၄ ရက် ကလက်မှတ်ထိုးခဲ့တယ်လို့ စစ်ကောင်စီသတင်းဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အခြေခံမူတွေကို နှစ်ဖက်သဘောတူလက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်မယ့် နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းကိုရုရှားနိုင်ငံရဲ့ နိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Rosatom က မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မဂ္ဂါဝပ် ၃၃၀ ထုတ်လုပ်ပေးနိုင်တဲ့အထိ တိုးချဲ့သွားနိုင်တယ်လို့ သိရပါတယ်။

Rosatom က မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အား ၁၇၂ မဂ္ဂါဝပ် နဲ့ ၂၀၀ မဂ္ဂါဝပ် အသီးသီးထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတည်ဆောက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read