Homeပြည်တွင်းသတင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားခေါ်ယူမှုတွေအကြောင်း ReliefWeb အစီရင်ခံစာမှာ ဖော်ပြ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားခေါ်ယူမှုတွေအကြောင်း ReliefWeb အစီရင်ခံစာမှာ ဖော်ပြ

၂၄ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲပြီး တိုက်ခိုက်နေကြောင်းနဲ့စစ်မှုထမ်း ခေါ်ယူမှု ပုံစံ ပြောင်းလဲလာကြောင်းကို Relief Web ရဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က KNDF က ဖမ်းမိတဲ့ စစ်ကာင်စီတပ်ဖွဲ့ဝင်တွေကို‌ မေးမြန်းတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာပြီး ဒီရုပ်သံဖိုင်ထဲမှာ ဖိုးထူးဆိုသူ စစ်သားတစ်ဦးက သူတို့ကို မက်သာဖက်တာမင်း ပေးကြောင်း ထွက်ဆိုခဲ့ပြီး နောက်ထပ် ဖမ်းမိထားတဲ့ မျိုးသက်မင်းဆိုသူစစ်သားတစ်ဦးကလည်း သူတို့ကို အထက်အရာရှိတွေက မက်သာဖက်တာမင်းပေးကြောင်း ၊ သူတို့ အိပ်ငိုက်တဲ့အခါ သုံးစွဲကြကြောင်း ဝန်ခံသွားပါတယ်။ စစ်သုံ့ပန်းတွေက သူတို့ဟာ အထက်အရာရှိအမိန့်ကို လိုက်နာရပြီး ထွက်မပြေးရဲကြောင်း ပြောဆိုပါတယ်။

ဒီဇင်ဘာ ၅ ရက်က ထုတ်လွှင့်တဲ့ RFA ရဲ့ သတင်းတပုဒ်မှာ စစ်တပ်ဟာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုမထမ်းလိုပါက မိသားစုတွေဆီကငွေကောက်ခံနေကြောင်း ဖော်ပြထားပါတယ်။ဖမ်းဆီးခံ လူငယ်တွေရဲ့မိဘတွေက အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်ကို ပေးရပြီး စစ်တပ်က အရာရှိတွေက ဒီငွေတွေကို ယူသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ PDF တွေဘက်ကလည်း ပျူစောထီး နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေက ဒီလို ငွေညှစ်ခြိမ်းခြောက်မှုတွေမှာ ပါဝင်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ဧရာဝတီသတင်းဌာနက ဖော်ပြမှုအရ ရန်ကုန်က မိသားစုတွေဟာ သားတွေ စစ်မှုထမ်းခေါ်တဲ့အခါ စစ်တပ်ရဲ့ ငွေညှစ်ကောက်ခံမှုကို လာဘ်ထိုးပြီး ပေးလို့ မရတော့ကြောင်း သိရပါတယ်။ ရန်ကုန်နေသူတစ်ဦးက “အရင်စစ်မှုထမ်းခေါ်တဲ့အပတ်စဉ်တွေနဲ့မတူဘဲ ကျန်းမာငယ်ရွယ်တဲ့ လူငယ်တွေကို လိုချင်နေတာမို့ တရပ်ကွက် တယောက်နှုန်းနဲ့ ခေါ်ယူနေတယ်” လို့ ဆိုပါတယ်။ မန္တလေးတော်လှန်ရေးတပ်တွေကလည်း မန္တလေးမှာလည်း အရင်လို စစ်မှုထမ်းခေါ်ယူရင် လာဘ်ထိုးလို့ မရတော့ကြောင်း သိရပါတယ်။

ပုံစာ – စစ်မှုထမ်းသင်တန်းသားများနဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး (ပုံဟောင်း)

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read